
ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ တဆင့် မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ ဒုတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင်(၃၅၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၉၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)