
ကျွန်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်ဈေးများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ခေါဆီ(ခေါ်) ကောက်ညှင်းပြားများကို ဆောင်ဝင်ခါနီ စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ကောက်ညှင်းပြားကို ပြုလုပ်ဖို့ ကောက်ညှင်းဆန်ကို ကျောက်ခဲ၊ သလဲများမပါအောင် ရွေးချယ်သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါသည်။ ရေစိမ်ရသော ကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်း၍ ပုဆိန်၊ ပေါင်တူ၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းပြီး အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း/ ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများ ပြား၍ ငှက်ပျောဖက်/ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီးလျှင် စားသုံးရသည့် ကောက်ညှင်းပြားများ ရရှိပါသည်။ ၂၀၂၅ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် ခေါစီ(ခေါ်) ကောက်ညှင်းပြား ဈေးနှုန်းအနေဖြင့် (၁၀၀၀)ဖိုးလျှင်(၈)ခု၊ တစ်ခုလျှင် (၁၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)