
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း တိုင်ထောင်သခွားပင်ကို စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်မှစ၍(၄၅)ရက်နေလျှင် အသီးများ စတင်ခူးဆွတ်ရ ပါသည်။
တိုင်ထောင်သခွားပင်ကို မြေကြီးတွင် တိုက်ရိုက် အစေ့ချစနစ်ဖြင့် ဇူလိုင်လ တွင် စိုက်ပျိုးကာ စက်တင်ဘာလတွင် တိုင်ထောင် သခွားသီးများကို စတင်ခူးဆွတ် ရောင်းချရပါသည်။ တိုင်ထောင်သခွားပင်ကို တစ်ကျင်းလျှင်(၁)ပင်ခန့်ဖြင့် အပင်ရေ(၃၀၀)ခန့် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားပါကြောင်း၊ တိုင်ထောင်သခွားပင်၏ စတင် စိုက်ပျိုး ရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ တိုင်ထောင်ခ၊ ဓါတ်မြေဩဇာ နှင် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၄၀၀၀၀)ခန့် ကုန်ကျပြီး တစ်ခါစိုက်ပျိုးလျှင်(၂)လကြာအောင် ခူးဆွတ် ရောင်းချရပါကြောင်း၊ ယခု စတင်ခူးဆွတ်ချိန်တွင် တစ်ရက် အလုံး(၁၀၀)ခန့်ရရှိပြီး တရက်ခြား ခူးဆွတ်ရပါကြောင်း၊ ယခု စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချသော သခွားသီး ဈေးနှုန်းများမှာ သခွားသီး တစ်လုံး လျှင်(၅၀၀/၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)