Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မယ်ဇလီဖူးပြုတ်  ဈေးနှုန်း

Powered by Drupal

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးရာသီ နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဆေးဘက် ဝင်သည်ဟု အဆိုရှိ၍ အများဆုံးစားသုံးလေ့ရှိသော မယ်ဇလီဖူးများကို  ပြုတ်၍ ဈေးထဲတွင် ရောင်းချ လျက်ရှိကြောင်း သိရသည်။ မယ်ဇလီပင်များကို အရိပ်ရစေရန်အတွက် မိမိတို့ နေအိမ် မျက်နှသာ လမ်းဘေးများတွင် စိုက်ပျိုးထားလျက်ရှိကြပြီး မယ်ဇလီဖူးကို သူ့ရာသီချိန်တွင် ခူးဆွတ်ရောင်းချလျက်ရှိ ကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော မယ်ဇလီဖူးပြုတ် ဈေးနှုန်းအနေဖြင့်  မယ်ဇလီဖူးပြုတ် တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၁၅၀၀)ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင်(၄၀၀)ကျပ်၊  ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)