
တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများ ဖြင့်အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ် ပြင်သို့ ငါးဖမ်းလှေအကြီး/အငယ်များဖြင့် ငါး/ပုစွန်/ဂဏာန်းများဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ် စားသုံးကြသလို ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါ ငါးဖမ်းလှေများနှင့် ဒေသတွင်း တစ်နိုင်တစ်ပိုင် ဂဏာန်းလှေများမှ ဖမ်းဆီးရရှိသော ဂဏာန်းများအနက် ဝလုံး ဂဏာန်း၊ သဲဂဏာန်း (ခေါ်)ပန်းဂဏာန်း စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၄၀၀၀/၁၅၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း မြိတ်မြို့ပေါ်ရှိ၊ မြို့မစျေးကြီးများနှင့် အခြားသောဈေးရှိ ငါး/ပုစွန် အရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)