Main menu

မြိတ်မြို့ပေါ်ရှိ ခရုတရွင်းပြားဈေးနှုန်း

Powered by Drupal

   ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ‌ရေထွက်ကုန်များ အများအပြား ထွက်ရှိပြီး ဒေသထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် စိုက်ပျိုးသီးနှံများကို တစ်နိုင်တစ်ပိုင်ရောင်းချလျက် ရှိပါသည်။ မြိတ်မြို့ပေါ်တွင် ခရု၊ ပုဇွန်၊ ကဏန်း စသည့်တို့ကို လတ်ဆတ်စွာရနိုင် သောကြောင့် ခရီးသွားများလည်း အင်မတန် ကြိုက်နှစ်သက်ကြသော နေရာဒေသတစ်ခု ဖြစ်သည်။ ဈေးများ ပေါ်တွင် ရေထွက်ပစ္စည်းများရောင်းချရာမှ ခရုတရွင်းပြားသည်လည်း ဈေးကောင်း ရရှိကြောင်း သိရှိရပါသည်။ခရုတရွင်းပြားကို အခွံမာကိုချွတ်၍ အသားချည်းသာ ရောင်းချကြပါသည်။

   ယခုလ စက်တင်ဘာလတတိယပတ်တွင် ခရုတရွင်းပြားကို ဆယ်လုံးတစ်ထုတ်လျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)