Main menu

မြိတ်ခရိုင်တွင် စက်တင်ဘာလစျေးနှုန်းအရ ခရမ်းချဉ်သီးစျေးနှုန်းမြင့်တက်

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဝင်ရောက်လာသော သီးနှံများထဲမှ  ခရမ်းချဉ်သီး စျေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင်စိုက်ပျိုးနိုင်သော်လည်း အပင်ပျက်စီးမှုမြန်သောကြောင့် စိုက်ပျိုးမှုမရှိသလောက်နည်းပါးကြောင်းသိရှိရပါသည်။ ကားလမ်း အခြေအနေ၊ ဒေသထွက်လုံလောက်အောင် မစိုက်ပျိုးနိုင်မှုကြောင့် စျေးနှုန်းမြင့်တက်လျက်ရှိပြီး ယခုအချိန် စက်တင်ဘာလစျေးနှုန်းအရ ခရမ်းချဉ်သီးစျေးနှုန်းမှာ ကျပ် ၇၀၀၀ခန့်ရှိကြောင်း သိရှိရပါသည်။ ယခင်သြဂုတ်လများတွင်ခရမ်းချဉ်သီး‌စျေးနှုန်းမှာ ၃၅၀၀ကျပ်ခန့်သာရှိပြီး စျေးနှုန်း နှိုင်းယှဉ်ချက် အရ ကျပ် ၃၅၀၀ကျပ်ခန့်စျေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။ ဒေသတွင်း စားသုံးရန်ခရမ်းချဉ်သီးကို ရန်ကုန်မြို့ ကုန်စည်ဒိုင်များမှ မှာယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)