Main menu

ကန့်ဘလူမြို့တွင် ဒေသထွက်နွားနို့များ ရောင်းချသူများ ဝင်ငွေရရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရှိ ရွာတောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် ဒေသနွားနှင့် မေထုံနွားများ မွေးမြူ၍ နွားနို့များညှစ်ကာ မိသားစုစားဝတ်နေရေးအဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည် ။

     မေထုံနွားမတစ်ကောင်ကို တစ်နေ့နို့ပိဿာ(၇)ပိသာခန့်နှင့် ဒေသနွားမတစ်ကောင်းကို (၃)ပိဿာခန့် ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ဒေသထွက်နွားနို့(၁)လီတာ (၁)ဗူးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ နို့စားနွားနို့(၁)လီတာ (၁)ဗူးလျှင် (၁၃၀၀မှ ၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချရပြီး လက်ဖက်ရည်ဆိုင်များ၊ နွားနို့ကြိုက်နှစ်သက်သူများက နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း ဒေသထွက်နွားနို့ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)