Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသည့်  ဒေါင်းဖြူ/ဒေါင်းဝါမှိုနှင့် တောမှိုဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်သူများအပြင် ရာသီပေါ် ဟင်းသီးဟင်းရွက်များ၊ တောင်ဘို့မှို၊ ငှက်စွပ်မှို၊ ဝါးရုံမှိုနှင့် တောမှိုအစုံ စသည်တို့ကို ရှာဖွေကာ ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၌ ရောင်းချလျက်ရှိသော  ဒေါင်းဖြူ/ဒေါင်းဝါမှို ဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀) ကျပ်နှင့်  တောမှိုအစုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းရနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)