Main menu

ကျွန်းလှမြို့ ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာသော သစ္စာပန်း ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော သစ္စာပန်း ဈေးနှုန်း အနေဖြင့် သစ္စာပန်း(ဟော်လန်) အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၂၅၀၀)ကျပ်၊ သစ္စာပန်း အပွင့်သေး စာကလေးပန်း (၅)ခက်ပါ တစ်စီးလျှင်(၂၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။     

DOCA(စစ်ကိုင်း)