
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းသိရပါ သည်။ စိုက်ပျိုးလျက်ရှိသော ရာသီပေါ်သီးနှံများနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဩဇာသီး၊ ငှက်ပျောသီး၊ ဂွေးသီး၊ ဇီးဖြူသီး၊ မန်ကျည်းသီး၊ ရုံးပတီသိး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်သီး၊ ပဲလင်းမြွေသီးနှင့် အုန်းသီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းအနေဖြင့် သင်္ဘောသီးစိမ်း(၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းအနေဖြင့် သင်္ဘောသီးစိမ်း(၁)ပိဿာလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် သင်္ဘောသီးစိမ်းဈေးနှုန်း ထက်ဝက်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)