Main menu

မုံရွာမြို့မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

Powered by Drupal

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။ သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိအမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ် နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာများတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။

          စက်တင်ဘာလ ပထမပတ်တွင် မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် သင်္ဘောသီး အစိမ်းတစ်လုံး (၁၀၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၂၀၀) ကျပ်၊  ဂွေးချိုသီး (၁၅)လုံးပါ တစ်ထုပ်လျှင် (၇၀၀)ကျပ် ရောင်းလျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် သင်္ဘောသီး အစိမ်းတစ်လုံး (၉၀၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၀၀၀) ကျပ်၊  ဂွေးချိုသီး (၁၅)လုံးပါ တစ်ထုပ်လျှင် (၆၀၀)ကျပ် ရောင်းလျလျက်ရှိပြီး ဈေးနှုန်းများအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)