ရွှေဘိုခရိုင်အတွင်း စက်တင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (၄၈၉၅၆)အိတ်၊ မန္တလေးသို့ (၇၅၅၈)အိတ်၊ မိတ္ထီလာမြို့သို့ (၆၅၀)အိတ်၊ကျောက်ပန်းတောင်းမြို့သို့ (၁၈၅)အိတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းသို့ (၅၃၁၀)အိတ်၊မူဆယ်သို့(၃၆၀)အိတ်၊ နေပြည်တော်သို့ (၁၀၅၀)အိတ်၊ပဲခူးသို့ (၄၂၈၀)အိတ်၊ ပြည်မြို့သို့ (၁၀၈၀)အိတ်၊ တောင်ငူသို့ (၃၇၀)အိတ်၊ ကရင်ပြည်နယ် ဘားအံသို့(၁၁၁၅)အိတ်၊ ကချင် ပြည်နယ်သို့ (၄၃၅၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၉၀၅)အိတ်၊ မကွေးတိုင်းသို့ (၁၃၁၀)အိတ်၊ ကယားပြည်နယ်သို့ (၃၁၅)အိတ်၊ စုစုပေါင်းအိတ်ရေ(၈၄၇၉၄)၊တန်အားဖြင့် (၄၂၄၀)တန် စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)