
ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ၊ တစ်လမ်းမှ အပိုဝင်ငွေရရှိရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော သစ်မင်းပျိုးပင် ဈေးနှုန်းများမှာ သစ်မင်းပျိုးပင် နှစ်ပေခွဲ တစ်ပင်လျှင်(၁၀၀၀၀)ကျပ်၊ အသေး တစ်ပေဆိုက် တစ်ပင်လျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)