Main menu

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်သည့် မြေပဲယိုဈေးနှုန်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ အသင့်ထုပ်ပြီး အထုပ်သေးတစ်ထုပ်လျှင်(၅၀၀)ကျပ်၊ (၃)ထုပ်လျှင်(၁၃၀၀) ကျပ်၊ အထုပ်ကြီးတစ်ထုပ်လျှင် (၁၇၀၀)ကျပ်နှင့် (၂)ထုပ်လျှင် (၃၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း၊ မြေပဲယိုသည် ရှေးယခင်ကတည်းကပင် ယနေ့ချိန်အထိ မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာစားသုံးခဲ့သည့် ဒေသထွက်အစားအစာတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)