
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ခဝဲသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဒန့်ဒလွန်သီး၊ ဘူးညွှန့်၊ မုန့်ညှင်းရွက်စသည်ဖြင့် ရောင်းချလျက်ရှိရာ ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဒေသထွက်ခဝဲသီးဈေးနှုန်းများမှာ လက်လီ(၁) ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက္ကား(၁)ပိဿာ (၂၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၇၅၀) ကျပ်နှင့် အတောင့်ကြီး(၁)တောင့်လျှင် (၇၀၀)ကျပ်၊ အသေး(၁)တောင့်လျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ တတိယပတ်အတွင်း ခဝဲသီးဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)