Main menu

ပုသိမ်မြို့နယ်အတွင်း နဂါးမောက်သီးဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ဒေသထွက် နဂါးမောက်သီး များ အလုံးအရင်းဖြင့် ဝင်ရောက်ရောင်းချလျက်ရှိရာ ဈေးကွက်ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ ပုသိမ်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် စိုက်ပျိုးထုတ်လုပ်သည့် နဂါး မောက်သီးများသည် မြို့၏အဓိက သစ်သီးဈေးဖြစ်သော မြို့မဈေး ၊ ဘူတာဈေးနှင့် ရပ်ကွက် အလိုက်ရှိ ဈေးကလေးများသို့ တိုက်ရိုက်ဝင်ရောက်ရှိလျက်ရှိပါသည်။

          ဒေသတွင်းတွင် အဓိကစိုက်ပျိုးကြသည့်မျိုးမှာ အခွံအနီရောင်နှင့် အတွင်းသား အဖြူရောင်မျိုးဖြစ်ပြီး၊ အတွင်းသားအနီရောင်မျိုးကိုလည်း အနည်းငယ်စီ စိုက်ပျိုးကြောင်း သိရပါသည်။ နဂါးမောက်သီး စိုက်ပျိုးခြင်းသည် ပုသိမ်ဒေသအတွက် စီးပွားရေးအရ တွက်ခြေ ကိုက်သည့် သီးနှံတစ်ခုဖြစ်ကာ မေလမှ အောက်တိုဘာလအတွင်း သီးတန်းရာသီဖြစ်ပါသည်။ ယခုအချိန်သည် စက်တင်ဘာလကုန်ပိုင်းဖြစ်သဖြင့် သီးနှံအထွက်နှုန်းနှင့် ဈေးကွက်သို့ ဝင်ရောက်မှု အများဆုံးကာလဟု ဆိုနိုင်ပါသည်။

          စက်တင်ဘာလစတုတ္ထပတ်အတွင်း ပုသိမ်မြို့နယ်ဈေးကွက်များရှိ နဂါးမောက်သီး လက်ရှိဈေးနှုန်း(ခန့်မှန်း) အလတ်စား (အလုံးအရွယ်အလတ်) : တစ်လုံး ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ် ၊ အကြီးစား (အလုံးကြီး) : တစ်လုံး ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ် ဖြစ်ပြီး ဈေးနှုန်းများမှာ သီး၏အရည်အသွေး၊ အရွယ်အစားနှင့် ရောင်းသည့်နေရာဒေသအလိုက် ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။ ဒေသခံစိုက်ပျိုးရောင်းချသူများသည် မိမိတို့၏ထွက်ကုန်များကို ပုသိမ်မြို့အတွင်းရှိ ဈေးများသို့တင်ပို့ရောင်းချကြပြီး၊ အချို့မှာ အိမ်တိုင်ရာရောက် လှည့်လည်ရောင်းချခြင်းများ လည်း ရှိကြောင်းသိရှိရပါသည်။ နဂါးမောက်သီးသည် ပုသိမ်မြို့နယ်အတွက် ရာသီစာ သစ်သီး ဝလံဈေးကွက်တွင် အရေးပါသော သီးနှံတစ်ခုအဖြစ် ပါဝင်နေပါသည်။

DOCA(ဧရာဝတီ)