Main menu

ပုသိမ်မြို့၊ မြို့မဈေးတွင် ရေထွက်ကုန်ပစ္စည်းများ ဈေးကွက်သွက်လျက်ရှိ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မဈေးအတွင်း ရောင်းချနေသော ရေထွက် ကုန်ပစ္စည်းများမှာ ဒေသထွက်ပစ္စည်းများနှင့် အခြားဒေသများမှ တင်ပို့လာသော ကုန်ပစ္စည်းများ ရောနှောရောင်းချလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းဝယ်မှုသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

          ကုလားကုန်းဈေးသည် ပုသိမ်မြို့၏ အဓိကဈေးကြီးတစ်ခုဖြစ်ကာ ရေထွက်ကုန်ပစ္စည်း အမျိုး အစား စုံလင်စွာ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တိယပတ်အတွင်း ပုသိမ်မြို့၊ ကုလားကုန်းဈေးတွင် ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို) (၁)ပိဿာ - ကျပ် ၁၁၅,၀၀၀ မှ ၁၂၀,၀၀၀ ၊ ငါးရံ့ခြောက်(လုံး) (၁)ပိဿာ - ကျပ် ၂၈,၀၀၀ မှ ၃၀,၀၀၀ ၊ ငါးကြီးသားခြောက် (၁)ပိဿာ - ကျပ် ၁၁၀,၀၀၀ မှ ၁၁၅,၀၀၀ ၊ ငါးနီတူခြောက် (၁)ပိဿာ - ကျပ် ၂၈,၀၀၀ မှ ၃၀,၀၀၀၊ ငါးရောင်ခြောက် (၁)ပိဿာ - ကျပ် ၃၈,၀၀၀ မှ ၄၀,၀၀၀ ၊ အာပြဲခြောက် (၁)ပိဿာ - ကျပ် ၂၈,၀၀၀ မှ ၃၀,၀၀၀ ၊ အသားမျှင်ခြောက် (၁)ပိဿာ - ကျပ် ၄၂,၀၀၀ မှ ၄၄,၀၀၀ ၊ ငါးတံခွန်ခြောက် (၁)ပိဿာ - ကျပ် ၂၃,၀၀၀ မှ ၂၅,၀၀၀ ဈေးနှုန်းများမှာ ကုန်ပစ္စည်း၏အရည်အသွေး၊ အရွယ်အစားနှင့် ရောင်းချသည့်နေရာဒေသ အလိုက် အနည်းငယ်ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။

          ယခုအခါ အလှူအတန်းများနှင့် ပွဲလမ်းသဘင်များ ပြုလုပ်ရာတွင် ရေထွက်ကုန် ပစ္စည်းများကို အသုံးပြုမှုများလာသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုလားကုန်းဈေးအတွင်း ရေထွက်ကုန်ပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ ဒေသခံများ သာမက အနီးအနားရှိ မြို့နယ်များမှ ကုန်သည်များပါ ဝယ်ယူမှုပြုလုပ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA(ဧရာဝတီ)