Main menu

ပုသိမ်မြို့ရှိ ဝက်သားဈေးနှုန်း/ဈေးကွက်

Powered by Drupal

   ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ တတိယပတ်အတွင်း ပုသိမ်မြို့ရှိ အဓိကဈေးကြီးများ ဖြစ်သော မြို့မဈေး ၊ ကုလားကုန်းဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချနေသော ဝက်သား ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၃၆,၀၀၀ မှ ၃၈,၀၀၀ အထိ ရှိကြောင်း သိရှိရပါသည်။

          ယခင် စက်တင်ဘာလ ဒုတိယပတ်ကဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် မြင့်တက်လာခဲ့သော်လည်း ယခုပတ်အတွင်း အတန်အသင့် တည်ငြိမ်လျက်ရှိကြောင်း သိရ ပါသည်။ ဝက်သားဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ မိုးရာသီကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ဝက်စာများ၏ ကုန်ကျစရိတ် မြင့်တက်မှုနှင့် မွေးမြူရေးစရိတ်များ အနည်းငယ် မြင့်တက်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေသခံမွေးမြူရေးသမားများထံမှ သိရှိရပါသည်။

          ပုသိမ်မြို့အနေဖြင့် ဝက်သားထုတ်လုပ်မှုတွင် ကိုယ်ထူကိုယ်ထ မွေးမြူရေးကဏ္ဍမှ ထုတ်လုပ်သည့် ဝက်သားများနှင့် အနီးအနားရှိ မြို့နယ်များမှ တင်ပို့လာသော ဝက်သားများ ရောနှောရောင်းချနေရခြင်းကြောင့် ဈေးနှုန်းများ အနည်းငယ်ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။

ဈေးကွက်အတွင်း ဝက်သားဝယ်လိုအားမှာ ပုံမှန်ရှိပြီး ဒေသခံများ၏ နေ့စဉ်စားသုံးမှုနှင့် ပွဲလမ်း သဘင်များ၊ အလှူအတန်းများအတွက် ဝယ်ယူသုံးစွဲမှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)