Main menu

မုံရွာမြို့တွင် ရောင်းချနေသော ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီး ဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီးများကို ဒေသတွင်း မိမိတို့အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီးများ စိုက်ပျိုးသောတောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။ 

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ဆူးပုတ်ရွက် (၁)စည်းလျှင် (၅၀၀)ကျပ်၊ အလားတူ ပန်းငရုတ်ပွသီးဈေးနှုန်းများမှာ (၁၀)ကျပ်သား လျှင်(၂၀၀၀) ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀၀)ကျပ်၊  ၅၀ကျပ်သားလျှင်(၇၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင (၁၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)