
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် နဂါးမောက်သီးနှင့် ဖရဲသီးများအများအပြား ရောင်းချလျက်ရှိကြပါသည်။ နဂါးမောက်သီးပင်များ သည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊အဝါသုံးမျိုးရှိပါသည်။ ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန် တို့တွင်ထည့်၍ စားသုံးကြောင်းသိရပါသည်။ ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သောကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ နဂါးမောက်သီးနှင့် ဖရဲသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးပြီး၊ ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်များ ပြုလုပ်စာသောက်ရသည့်အတွက် လူကြိုက်များကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ သစ်သီးဆိုင်များတွင် နဂါးမောက်သီး အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ၊ ဖရဲသီးအသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံးလျှင်(၁၅၀၀)ကျပ်နှင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)