
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကိုစိုက်ပျိုး၍ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ခုနှစ် စက်တင်ဘာ တတိယပတ်အတွင်း မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများအနေဖြင့် မာလကာသီး (၁ ) ပိဿာ လျှင်(၅၀၀၀) ကျပ်၊ တစ်လုံးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။ ဒေသထွက် မာလကာသီးများသည် အရည်ရွန်း၍ အနံ့မွှေးသောကြောင့် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)