
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရောင်းချနေသော ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (အသစ်) ၁ပိဿာလျှင် (၁၅၀၀) ကျပ်၊ အရွယ်အစားအလိုက် ကြက်သွန်နီ( အဟောင်း) ၁ပိဿာလျှင် ( ၁၂၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) ၁ပိဿာလျှင် ( ၈၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၈၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ စက်တင်ဘာလ ဒုတိယ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်)ဈေးနှုန်းမှာ ( ၅၀၀) ကျပ်ခန့် ကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)