
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများအနေဖြင့် ခရမ်းချဉ် တိုင်ထောင်သီး/ အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၀၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ ၁ပိဿာ လျှင် (၃၇၀၀) ကျပ်ဖြင့်လည်းကောင်း၊ အာလူး အလုံးလှ ( ၂၅ ) ကျပ်သား လျှင် ( ၁၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၂၄၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၄၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ခဲ့ရာ ယခုအပတ်တွင် အားလူ ( ၁ ) ပိဿာလျှင် ( ၆၀၀၀)ကျပ်သို့ မြင့်တက် လာခဲ့သည်။ ယခင်ဒုတိယပတ်နှင့် အာလူး၊ ခရမ်းချဉ်ဈေး နှိုင်းယှဉ်ကြည့်ပါက ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းသွားသော်လည်း အာလူးဈေးနှုန်းမှာ မြင့်တက်လာကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)