Main menu

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော မုန့်တီပင် ဈေးနှုန်းများ

Powered by Drupal

            ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ ရောင်းချလျက်ရှိရာ သရေစာတစ်မျိုးဖြစ်သည့် မုန့်တီများကိုလည်း ရောင်းချလျက်ရှိပါသည်။ မုန့်တီလုပ်ငန်းကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ်လုပ်ကိုင်ကြကြောင်း၊ မုန့်တီကို မုန့်တီဖိုများမှ ရောင်းချသည့်အပြင် ပြန်လည်ရောင်းချသည့် ဈေးသည်များမှာ မုန့်တီဖိုမှမှာယူ၍ ရောင်းချကြကြောင်း၊ မုန့်တီတွင် နန်းလုံး၊ နန်းလတ်၊ နန်းပြားနှင့် နန်းသေးဟူ၍ အမျိုးမျိုးရှိကြောင်း၊ နန်းသေးကို မုန့်ဟင်းခါးအဖတ်အဖြင့်အသုံးပြုကြောင်း၊ မုန့်တီကို ရွှေဘိုမြို့အပြင် အခြားကျေးရွာများမှလည်း ဝယ်ယူကြကြောင်း၊ မုန့်တီကို မုန့်တီ/ မုန့်ဟင်းခါးရောင်းချသူများနှင့် အလှူအတန်း၊ ဆွမ်းကပ်ပွဲများ လှူဒါန်းရန်အတွက် မုန့်တီဖိုမှမှာယူ၍ ဝယ်ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော မုန့်တီဈေးနှုန်းများမှာ (၂၅)ကျပ် သားလျှင် (၅၀ဝိ/-)ကျပ်၊ (၁)ပိဿာဝယ်ယူလျှင် (၂၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)