Main menu

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၂-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane (၃၀၃၅)ကျပ်၊ 95 Octane(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

    ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများ အနေဖြင့် 92 Octane(၃၀၇၀)ကျပ်၊ 95 Octane(၃၁၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၃၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၄၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)