
မုဒုံမြို့၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိမိတို့အိမ်ခြံမြေများနှင့် လယ်ယာမြေများတွင် ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက်များကို မီးဖိုချောင်စရိတ်သက်သာစေရန် စိုက်ပျိုးလေ့ရှိပြီး၊ စီးပွားဖြစ်စိုက်ပျိုးမှုများလည်း ရှိကြပါသည်။ ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက်များသည် ရာသီမရွေး စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး မုဒုံမြို့ရှိ သိမ်ကျောင်းစျေးတွင် လာရောက်ရောင်းချ ကြကြောင်း သိရှိရပါသည်။
စက်တင်ဘာ တတိယပတ်တွင် သိမ်ကျောင်းစျေးတွင် ကန်စွန်းရွက်စျေးနှုန်းများမှ ကန်စွန်းရွက်လက်ကားတစ်စည်းလျှင် (၂၀၀)ကျပ်၊ လက်လီစျေးတစ်စည်းလျှင် (၃၀၀) ကျပ် နှင့် နှစ်စည်းလျှင် (၅၀၀)ကျပ်၊ ချဥ်ပေါင်ရွက်စျေးနှုန်းများမှ ချဥ်ပေါင်ရွက်လက်ကား (၁၅၀)ကျပ်၊ လက်လီစျေးတစ်စီးလျှင် (၂၀၀)ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)