
ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော သစ္စာပန်းနှင့် နှင်းဆီပန်းများကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော သစ္စာပန်းနှင့် နှင်းဆီပန်းများမှာ ဘုရားပန်းနှင့် အလှပန်းထိုးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း သစ္စာပန်း(၁)စည်းလျှင် (၂၀၀၀)ကျပ်၊ (၁၀)စည်းပါ (၁)ထုံးလျှင် (၁၉၀၀၀)ကျပ်၊ နှင်းဆီပန်းအကြီး(၁)ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး(၁)ပွင့်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)