
မိုးရာသီ မန္တလေးပန်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်
မိတ္တီလာခရိုင်တို့မှ ထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်၊တောင်ကြီးဒေသတို့မှထွက်သည့်ယင်းမာပန်းများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ ၁ စီး လျှင် ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့် အချိန် ဖြစ်၍ မိုးရာသီပန်း မျိူးစုံစျေးကွက်တွင် ယင်းမာပန်းမှာ အရောင်းသွက်သည့်ပန်းတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)