
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ကျောက်ဖရုံသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ကျောက်ဖရုံ သီး ၁ လုံးလျှင် အလုံး(ကြီး) ၃၅၀၀ ကျပ်နှင့် ၅၀၀၀ကျပ်၊ အလုံး(လတ်) ၂၅၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်၊ အလုံး (သေး) ၁၈၀၀ ကျပ်နှင့်၂၀၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည် ၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ကျောက်ဖရုံသီးမှာ ဝင်ရောက်မှုများပြားလျက်ရှိပြီး ကျောက်ဖရုံယိုလုပ်ငန်းလုပ်ကိုင်သူများမှ ဝယ်ယူမှုများပြားသည့် ကုန်စိမ်းအမယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)