Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကြက်ဥ ဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါး ခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့မှဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်) တွင် ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင်ကျပ် (၅၀၀၀ မှ ၅၈၀၀)ဈေးရှိပြီး တစ်လုံးလျှင် ကျပ်(၅၀၀ မှ ၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 

    အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစား မရွေးဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရသော အစားအစာတစ်မျိုးဖြစ်သည့်အပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်းဝယ်ယူမှုများခြင်းကြောင့်အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)