Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  စပါးလင်ပင် ဈေးနှုန်း

Powered by Drupal

    စပါးလင်ပင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတစ်ပင်နှင့်တစ်ပင် စုပြုံပေါက် လေ့ရှိပါသည်။ စပါးလင်ကို အထူးတလည် ဂရုစိုက်ရန် မလိုပဲ ပေါင်းမြက် ရှင်းလင်းပေးရန်သာ လိုအပ်ပါသည်။ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည် စိုက်ပျိုးကြပါသည်။ စပါးလင်ပင်သည် ဆေးဘက်ဝင်ပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ကောင်းစေရန် အသုံးပြုကြပါသည်။

    ထားဝယ်မြို့အတွင်းရှိ ကျေးရွာအချို့တွင် စပါးလင်ကို တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြသလို ခြံစိုက်တောင်သူ အချို့မှာ မာလကာပင်များအကြားတွင် ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဈေးနှုန်းအနေဖြင့် ယခုစက်တင်ဘာလ တတိယပတ်တွင် ခြံပေါက်ဈေး  အပင်(၁၀၀)လျှင် (၆၀၀၀) ကျပ်နှုန်းရောင်းချရကြောင်း စပါးလင်စိုက်တောင်သူများထံမှ သိရပြီး ဈေးကွက်အတွင်း စပါးလင်ပင် သုံးပင်ပါ တစ်စီး  (၁၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)