Main menu

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ သံပုရာသီးဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဈေးကွက်အတွင်းသို့ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

      ယခုအခါ ထားဝယ်မြို့ စည်ပင်ဈေး၊ကမ်းနားဈေးနှင့်ရပ်ကွက်ဈေးတို့၌ သံပုရာသီးအရွယ်အစားအပေါ်မူတည်၍ တစ်(၁၀)လုံးလျှင်(၉၀ဝိ/-)ကျပ် ဈေးရရှိနေကြောင်း၊ သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာ ဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများတွင် ထည့်သွင်း စားသုံးရသည့် အသီးဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်သာမက စားသုံးသူများအတွက်လည်း အကျိုးပြုသည့်အသီးပင်ဖြစ်ကြောင်း သိရသည်။

DOCA(တနင်္သာရီ)