၂၀၂၅ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ကွန်ပေါင်း (၁၅:၁၅:၁၅) အာမိုကျွဲနက် (50kg)တစ်အိတ်လျှင် (၁၉၉၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅) MC (50kg)တစ်အိတ်လျှင် (၁၆၇၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၃:၅:၇) ဇာမဏီ (50kg) တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ကွန်ပေါင်း (၁၅:၁၅:၁၅) ဩဘာ complex (50kg) တစ်အိတ်လျှင် (၁၃၈၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅) ကောင်းသုခ ရွှေသီးနှံ (50kg) တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ကွန်ပေါင်း (၁၅:၉:၈) မြှားကမ္ဘာ (50kg) တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ပိုးသတ်ဆေး ထိသေ/စားသေ ဒီမွန် 1.8 (500cc) တစ်ဗူးလျှင် (၂၂၀၀၀)ကျပ်၊ ငှက်ကြီးတောင် (100cc) တစ်ဗူးလျှင် (၃၀၀၀၀)ကျပ်၊ဇိုင်ကလုံး (1 Liter) တစ်ဗူးလျှင် (၇၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)
