Main menu

ကျွန်းလှမြို့၏ နဂါးမောက်သီး နှင့် သင်္ဘောသီးမှည့် ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီး မှည့် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး  အကြီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင် (၁၀၀၀/၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် သင်္ဘောသီးမှည့် ဈေးနှုန်းများမှာ သင်္ဘောသီးမှည့် အကြီး တစ်လုံးလျှင်(၅၀၀၀)ကျပ် နှင့် အသေး တစ်လုံးလျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)