Main menu

“ရာသီပေါ်မျှစ်များလှိုင်လှိုင်ထွက်ပေါ်”

Powered by Drupal

         သစ်တောထွက်ပစ္စည်းများအနက် ဝါးသည်လည်း အခြေခံလူတန်းစားများအတွက် အိမ်ယာအဆောက်အဦများ ဖန်တီးပေးရုံသာမက မိသားစုစားနပ်ရိက္ခာဖူလုံရေးအတွက်လည်း အထောက်အကူပြုသော သဘာဝအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝါးမျိုးမျှစ်များကို နှစ်စဉ်ဇူလိုင်လမှ စက်တင်ဘာလလောက်အထိ သဘာဝတောများတွင် ဝါးပင်များမှ ဝါးပင်အနုလေးများပေါက်ရောက်လျက်ရှိရာ ၄င်းအပင်လေးများအားခူးယူပြီး မျှစ်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ မျှစ်ချဉ်ပြုလုပ်၍ လည်းကောင်း၊ အခြောက်ခံ၍လည်းကောင်း စားသုံးကြပါသည်။ မျှစ်ကိုပြုတ်ပြီး ရေအထပ်ထပ် ဆေးပြီးမှစားသုံးသင့်ကြောင်း၊ မြစ်သားမြို့နယ် မြနဒီနှင့် ဒိုင်းကျေးရွာစသည့် ကျေးရွာနေဒေသခံများမှ လူတစ်ဦးတစ်ရက်လျှင် မျှစ်(၁၀)ပိဿာအထက် ချိုးယူ၍ရကြောင်း၊ တောထဲမှချိုးယူလာသော မျှစ်များအား အိမ်တွင်တစ်ဗွက်ဆူပြုတ်ပြီး တစ်ပိဿာထုပ်များပြုလုပ်ကာ လှည့်လည်ရောင်းချရကြောင်း၊ မျှစ်များ ပေါ်ဦးပေါ်စအချိန်တွင် တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး၊ ယခုလှိုင်လှိုင်ပေါ်ထွက်သည့်အချိန်တွင် (၂၀၀၀-၂၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ မျှစ်စားမည် ဆိုပါက အမြင်လှအောင် အနီရောင်၊ အဝါရောင်စသဖြင့် တားမြစ်ဆေးဆိုးထားသည့် မျှစ်များအား မစားသင့်ကြောင်း၊ ရာသီပေါ်မျှစ်များ ထွက်ရှိချိန်တွင် တောင်ပေါ်တက်၍ ချိုးနိုင်သူများမှာ မျှစ်ချိုး၍ ရောင်းချရသောကြောင့် မိသားစု အပိုဝင်ငွေများရရှိကာ စားဝတ်နေရေးပြေလည်ကြောင်း မျှစ်ချိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)