Main menu

 ကျွန်းလှမြို့တွင် ပတ္တမြားပုလ္လင်ပန်းပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

Powered by Drupal

    ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့် ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြပြီး ပတ္တမြားပုလ္လင်ပန်းပျိုးပင်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

    ပတ္တမြားပုလ္လင်ပန်းပျိုးပင်များကို ဧည့်ခန်း၊ ရုံးခန်း နှင့် ဆိုင်ခန်းများတွင်  အလှပန်းအိုများဖြင့် ထားလျက်ရှိပြီး  ပတ္တမြားပုလ္လင်ပန်းသည် အရွက်ကလေးတွေက အနီရောင်သန်းနေပြီး သူရဲ့ အလှက ထူးခြားပြီး ဆွဲဆောင်မှုရှိသဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ပတ္တမြားပုလ္လင်ပန်းပျိုးပင် ဈေးနှုန်းများမှာ ပတ္တမြားပုလ္လင်ပန်းပျိုးပင် တစ်ပင်လျှင်(၁၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)