Main menu

ဟင်္သာတမြို့နယ်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်း ရောင်းချ လျက်ရှိသော မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်များ၏ဈေးနှုန်းများမှာ ပေါ်ဆန်းယဉ် (၂၄)ပြည် တစ်အိတ်လျှင် (၁၂၀၀ဝဝိ/-)ကျပ် ၊ ဆင်းသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၆၃၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကောက်သစ်ပေါ်ချိန် ရာသီဖြစ်သည့်အလျောက် ယခင်လ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်း လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          အခြေခံစားသောက်ကုန်ဖြစ်သော အာလူး ၁ပိဿာလျှင် ၅၅၀ဝိ/-ကျပ်၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ၁၈၀ဝိ/-ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ၁၀၀၀ဝိ/-ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာလျှင် ၁၅၀၀ဝိ/-ကျပ် ၊ ငရုတ်ခြောက်ရှည်(အသစ်)တစ်ပိဿာလျှင် ၁၀၀၀ဝိ/-ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် ၆၅၀ဝိ/-ကျပ်၊ ဆားချောတစ်ပိဿာလျှင် ၁၅၀ဝိ/-ကျပ် မှ ၁၆၀ဝိ/-ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှင့် နှိုင်း ယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး  နေ့စဉ်ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)