Main menu

စက်တင်ဘာလ၊ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ထုပ်နှင့်ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ထုပ်နှင့် ပုစွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်(၁)ပိဿာလျှင် (၆၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၄၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၇၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)