
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သားများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်လာလ တတိယပတ်အတွင်း CPကြက် ကောင်လုံးဈေး (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်နှင့် (၂၅) ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ ဒေသကြက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုလတတိယပတ်အတွင်း ဒေသကြက်(၁)ပိဿာ လျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)
