
မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၌ လယ်ယာထွက်ကုန်ပဲမျိုးစုံ၊ ပြောင်းနှင့်ဆီထွက်သီးနှံဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၇၇၀၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၇၆၀၀၀-၅၇၀၀၀) ကျပ်၊ ပဲဇီးကွက် တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ထောပတ်ပဲဖြူ တစ်တင်းလျှင် (၇၀၃၀၀) ကျပ်၊ ကုလားပဲV2 တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၈၂၀၀၀) ကျပ်၊ ကုလားပဲဝါအထွက်တိုးတစ်တင်းလျှင် (၈၀၅၀၀) ကျပ်၊ ပဲပုပ်တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်၊ ပဲဘိစပ်တစ်တင်းလျှင် (၃၃၀၀၀) ကျပ်၊ စီပီပြောင်း တစ်တင်းလျှင် (၂၅၇၄၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ မြေပဲ S1လုံးဆံတစ်တင်းလျှင် (၁၀၂၀၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ပဲမျိုးစုံဈေးနှုန်းများမှာ တစ်တင်းလျှင်း (၃၀၀၀-၅၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ နေ့စဉ်သီးနှံမျိုးစုံအ ရောင်းအဝယ်ဖြစ်မှုအနေဖြင့် (၁၀၀-၃၀၀) အိတ်ခန့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲမျိုးစုံ ပြောင်းတင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့များသို့တင်ပို့ ကြောင်း၊ နှမ်းတင်ပို့မှုအနေဖြင့် မကွေးမြို့သို့လည်းတင်ပို့ကြောင်း သီးနှံအရောင်းအဝယ်လုပ်ကိုင် သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
