Main menu

ဈေးနှုန်းကျဆင်းလာသောမြင်းခြံပိန်းဥဈေးကွက်အခြေအနေ

Powered by Drupal

           မြင်းခြံမြို့အေးမြသီတာဈေးတွင်  သစ်သီးဝလံမျိုးစုံရောင်းချလျက်ရှိရာ ပိန်းဥသီးနှံများကိုလည်းရောင်းချကြောင်း၊ ထိုပိန်းဥများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ ကုန်စိမ်းဈေးတို့မှ မှာယူရောင်းချကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ရောင်းချနေသော  ပိန်းဥအကြီးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ပိန်းဥအလတ်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ပိန်းဥအသေးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လဩဂုတ်လဒုတိယပတ် ပိန်းဥအကြီးတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ပိန်းဥအလတ်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ပိန်းဥအသေးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်ပေါက် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ပိန်းဥအကြီး၊ အလတ်၊ အသေးတစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။  ထိုသို့ ဈေးနှုန်းကျဆင်းခြင်းမှာ ရာသီပေါ်ပိန်းဥသီးနှံများ ဈေးကွက်တွင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးကျဆင်းခြင်းဖြစ်ကြောင်း စားသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)