
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် ပန်းသီး၊ နာနတ်သီး၊ ပန်းသစ်တော်သီး၊ သခွားမွှေးသီးနှင့် ဖရဲသီးများရောင်းချလျက်ရှိပြီး ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖရဲသီးအကြီး(၁)လုံးလျှင် (၈၀၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၆၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် တစ်စိတ်လျှင် (၈၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
