Main menu

မြို့မဈေးတွင် ရောင်းချနေသော နာနတ်သီးနှင့် ဒညင်းသီးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီးနှင့် ဒညင်းသီးကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေ‌သော နာနတ်သီး ဈေးနှုန်းများမှာ မြစ်ကြီးနား နာနတ်သီးတစ်လုံးလျှင်(၆၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၄၀၀၀)ကျပ်၊ မန္တလေးနာနတ်သီး တစ်လုံးလျှင်(၄၀၀၀)ကျပ်နှင့် ဒညင်းသီးဈေးနှုန်းမှာ ဒညင်းသီးတစ်လုံးလျှင်(၂၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၂၀၀)ကျပ်၊ ဒညင်းသီးအပြုတ် တစ်လုံးလျှင်(၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)