
မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ကုန်ခြောက်ပစ္စည်းအမျိုးမျိုးနှင့် အသားငါးမျိုးစုံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် အသားငါးတန်းဈေးများ၌ ရောင်းချနေသော အမဲသား(အသားသန့်)တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ အမဲသားပေါင်သားတစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ အသားအကြောပါတစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ အမဲသားအတိုအစ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ အမဲသားအသည်း တစ်ပိဿာ လျှင် (၃၀၀၀၀) ကျပ်၊ အမဲဝမ်းတွင်းသားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ အမဲအူ တစ်ပိဿာလျှင် (၂၀၀၀၀)နှင့် အမဲရိုးတစ်ပိဿာလျှင် (၆၀၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ အမဲသားသည် အာဟာရပြည့်ဝပြီး လူကြိုက်များသောကြောင့် စားသုံးမှုများပြီး ဈေးကွက်တွင်အရောင်း အဝယ်သွက်လျက်ရှိကြောင်း၊ နေ့စဉ်အမဲသားအချိန် (၃၀-၄၀) ပိဿာ ခန့်ရောင်းချရကြောင်း၊ ထမင်းဆိုင်များနှင့် ဟင်းချက်အရောင်းဆိုင်များမှလည်း နေ့စဉ်ဝယ်ယူမှုရှိကြောင်း၊ ပရိုတင်းဓာတ် ကြွယ်ဝသောကြောင့် စားသုံးမှုများ၍အရောင်းအဝယ်ကောင်းကြောင်း အမဲသားရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ အမဲသားသည် အသားတွေထဲမှာ စားလို့အကောင်းဆုံး အားအရှိဆုံးနှင့် ပရိုတင်းဓာတ်ကြွယ်ဝသောအသားဖြစ်ပြီး အားအင်ပြည့်စေဖို့ အကောင်းဆုံးအသားဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
