
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများတွင် ဒေသထွက်ကုန် များဖြစ်သည့် ခရမ်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် အခြားသီးနှံများကိုစိုက်ပျိုးလျက်ရှိရာ ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို စီးပွားဖြစ်စိုက်ပျိုး၍ သော်လည်ကောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုး ၍သော်လည်ကောင်း စိုက်ပျိုးပြီး မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် မန်ကျည်းပင်ဈေးတို့ တွင်လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၅ ခုနစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော ကြက်သွန်နီ(သစ်) ဈေးနှုန်းမှာ (၅၀) ကျပ်သားလျှင် ၇၅၀ ကျပ်ဖြင့်လည်းကောင်း၊ (၁) ပိသာလျှင် (၁၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းမှာ (၅၀) ကျပ်သားလျှင် (၄၂၅၀) ကျပ်ဖြင့် လည်းကောင်း၊ (၁)ပိသာလျှင် (၈၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းမှာ (၅၀) ကျပ်သားလျှင် (၉၂၅၀) ကျပ်ဖြင့်လည်းကောင်း၊ (၁)ပိသာလျှင် (၁၈၅၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)
