
ကျွန်းလှမြို့နယ်ရှိ ဈေးများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ခေါဆီ(ခေါ်) ကောက်ညှင်းပြားများကို ဆောင်းဝင်ခါနီး စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ကောက်ညှင်းပြားပြုလုပ်ရန် ကောက်ညှင်းဆန်ကို ကျောက်ခဲ၊ သလဲများမပါအောင် ရွေးချယ် သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါကြောင်း၊ ရေစိမ်ရသော ကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်းပြီး ပေါက်ဆိန်၊ ပေါင်တူ၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းကာ အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း/ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများပြား၍ ငှက်ပျောဖက်/ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီးလျှင် စားသုံးရသည့် ကောက်ညှင်းပြား များရရှိပါကြောင်း၊ ယခု စက်တင်ဘာလ တတိယပတ်တွင် ခေါဆီ(ခေါ်) ကောက်ညှင်းပြားဈေးနှုန်းများမှာ ခေါဆီ(ခေါ်)ကောက်ညှင်းပြား ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၀)ပြား၊ တစ်ခုလျှင် (၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
