Main menu

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ တဆင့် မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ တတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ကန့်ဘလူဒေသထွက် ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၃၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီး(အင်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၉၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)