
ပဲပြားသည် ဈေးသက်သာ၍လွယ်ကူစွာပြုလုပ်စားသုံးနိုင် ပါသည်။ သားသတ်လွတ် စားသူများအတွက် အသားဓာတ်ကိုပဲပြားကရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ကို မချို့တဲ့အောင် ပဲပြားကကာကွယ်ပေးပါသည်။ ပဲပြားမှာ ကယ်လိုရီအနည်း ငယ်သာပါဝင်ပြီး ပရိုတိန်း ဓာတ်တော်တော်များများ ပါဝင်ကြောင်းသိရ ပါသည်။ တရုတ်ရိုးရာဆေးပညာမှာပဲ ပြားဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်တွေကိုထုပ်ပေးနိုင် စွမ်းရှိသည် ဟုသိရပါသည်။ ပဲပိစပ်ကို သုံးပြုပြီး ဆင့်ဆင့်ကျိုချက်၍ ပဲပြားကိုရရှိပါသည်။ ပဲပြားကို ကြော်ကာ အစာသွပ်၊ ပဲပြားသုတ် ၍လည်းမိမိစိတ်ကြိုက် အမျိုးမျိးပြုလုပ်စားသုံးနိုင် သည်။ ၂၀၂၅ခုနစ်၊ စက်တင်ဘာလ၊ တတိယပတ် အတွင်းမုံရွာမြို့ နန္ဒဝန်စျေးတွင် ရောင်းချလျက် ရှိသော ပဲပြားဈေးနှုန်းမှာ တစ်တုံးလျှင် (၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)