
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ တောင်သူများသည် မိမိတို့အိမ်ခြံဝန်းများနှင့် မိမိပိုင်ယာခင်းများတွင် ဆေးဖက်ဝင် အပင် တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်များကို မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိအောင် စိုက်ပျိုး ကြကြောင်း သိရှိရပါသည်။ ဒန့်သလွန်ပင်သည် ရာသီဥတု မရွေးစိုက်ပျိုးနိုင်ပြီး ရေမဝပ်သော မြေတွင်စိုက်ပျိုးပါကလည်း ပိုမိုဖြစ်ထွန်းနိုင်ကြောင်း သိရှိရပါသည်။ ဒန့်တလွန်ပင်မှ အသီး အပြင် အပွင့် ၊ အရွက်များကိုလည်း စားသုံးကြပါသည်။ ဒန့်သလွန်သီးကို သီးစုံပဲကုလားဟင်း ချက်ပြုတ်၍စားသောက်ကြပြီး ဒန့်သလွန်အရွက်နှင့် အပွင့်ကိုဟင်းချိုရည်ချက်၍လည်းကောင်း၊ အသုပ်သုပ်၍လည်းကောင်းစားသုံးကြပြီး ကျန်းမာရေးအတွက် ဆေးဖက်ဝင်သော အပင်မျိုး ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် မြသလ္လာဈေးတွင် ဒန့်ဒလွန်သီး (၅) ထောင့်ပါတစ်စီးလျှင်(၆၀၀)ကျပ်၊ (၁၀)တောင့်ပါတစ်စည်းလျှင် (၁၁၀၀)ကျပ်၊ ဒန့်ဒလွန်ရွက် တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
